
ရောက် လာ သည့် ရထားများမှ အိပ်ပျော်နေသည့် ခရီးသည်များ၏
လက်ဆွဲ
တန်ဆာပစ္စည်းများကို လည်းကောင်း၊ ခရီးဆောင်အိတ်များကိုလည်းကောင်း၊ အဆင်း၊
အတက် တံခါးနား နီးသည့် ပစ္စည်းများကိုလည်းကောင်း၊ ရရာကိုဆွဲယူကာ ပဲခူးဘူတာ
(ရန်ကုန်ဘက် အထွက်) ရထား ခုံး ကျော် တံတားကြီးအရောက်တွင် ခရီးသည်များ
ခုန်ဆင်းလိုက်မလာနိုင်သည့် အခွင့်အရေး ကိုယူကာ ထွက်ပြေး
လွတ်မြောက်သွားခဲ့ကြသည်။
ဈေးရောင်းသူများမှာလည်း ဈေးဘန်းများဖြင့် ဈေးရောင်းခြင်းကို ဟန်ပြ၍
ပြန်အမ်းငွေများ မအမ်းဘဲ ထွက်ပြေးခြင်း၊ ပစ္စည်းများကိုလည်း လစ်လျှင်လစ်သလို
လုယက်၊ ခိုးယူထွက်ပြေးခြင်းစသည်တို့ကြောင့် ခရီးသည် များမှာ
ပဲခူးဘူတာရောက်လျှင် အမြဲသတိထားနေကြရပါသည်။
ထို့ကြောင့် ရန်ကုန်-မန္တလေး အမြန်ရထားများပေါ်သို့ နေ့စဉ်တက်ရောက်ပြီး
ခရီးသည်မ?84NϿ]zSYwား၊ ငွေများ၊ ခရီးဆောင်အိတ်များကို ခိုးယူ၊ လုယက်ပြီး
မီးရထားခုံးကျော် တံတားကြီးပေါ်မှ တစ်ဆင့် ထွက်ပြေးလွတ်မြောက်နေသော
ပဲခူးဘူတာမှ ဒုစရိုက်သမားများ၊ ဈေးသည်ဟန်ဆောင်၍ လုယက်မှု
ကျူးလွန်နေ သူများအား ပဲခူးဘူတာမှ မီးရထားလုံခြုံရေးရဲ တပ်ဖွဲ့ဝင်များမှ
ရှင်းလင်းပေးနိုင်ပါ ရန်နှင့် ပဲခူး ဘူတာ သို့အ၀င်၊ အထွက်နေရာများမှနေ၍
ကင်းပုန်းဝပ်စောင့်ကြပ်ဖမ်းဆီးခြင်းဖြင့် ဒုစရိုက်မှု ကျူးလွန်နေ သူများ
ဘေးရန်မှ ကာကွယ်တားဆီးပေးနိုင်ပါရန် မီးရထားစီး ခရီးသည်များမှ
လိုလားနေကြသည်။
သတင်းရင်းမြစ်း မြန်မာသံတော်ဆင့်
No comments:
Post a Comment