ကျောက်မီးသွေး
စက်ရုံ အလိုမရှိ၊ ငါးမှု့န့်စက်ရုံ အနံဆိုး ပပျောက်ရေး ဒို့အရေး၊
ငါးမှုန့်စက်ရုံ ထင်းလောင်စာ မသုံးစွဲရေး၊ ဒို့အရေး၊ သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဒို့အရေး၊ ၊ သဘာဝဓာတ်ငွေံ ဓာတ်အားပေး စက်ရုံ တည်ဆောက်ပေး
ကြွေးကြော်သံများ ဖြင့် ကြွေးကြော်ပြီး ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်
စီတန်း လှည့် လည် ဆန္ဒဖော်ထုတ်ခြင်းအား အင်အား (၂၅၀) ဦးခန့်ဖြင့်
(၄-၁၁-၂၀၁၂) ရက်နေ့ နံနက် (၀၈၀၀) နာရီ အချိန်တွင် မြိတ်မြို့
နောက်လယ်ရပ်ကွက် အမှတ်(၁) ဘောတံတားရှိ မြေကွက်လပ်တွင် စတင် စုဝေးပြီး
ကမ်းနားလမ်း တစ်လျှောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကာ ဆိပ်ငယ်ရပ်ကွက်
ပုလဲရတနာ ခန်းမတွင် စုဝေးခဲ့သည်။ လူထု အင်အား ၁၀၀၀
ခန့််လိုက်ပါအားပေးခဲ့ကြပါသည်။
ထိုနောက် ဦးလှမော်က
ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုး ပပျောက်ရေး၊ ထင်းလောင်စာ မသုံးစွဲရေး၊ သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး (၃၀) မိနစ် ကြာခန့်
ဟောပြောခဲ့သည်။ ပြီးနောက် ဦးမိုးသူအောင်က ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ
တည်ဆောက်မှု ကန့်ကွက်ရေး နှင့် သဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ပေးရေး ပတ်သက်ပြီး (၁၀) မိနစ် ခန့် ဟောပြောကာ
(၀၉၀၀) နာရီ အချိန်ခန့်တွင် ကြွေးကြော်သံများဖြင့် ကြွေးကြော်ပြီး
ဆန္ဒဖော်ထုတ်ပွဲအား ရုပ်သိမ်းလိုက် သည်။
မြိတ်မြို့ လူထုကြီး နှင့်အတူ မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများ၊ NLD ပါတီဝင်များ ၊ ဆရာဝန်များ ပူပေါင်း ပါဝင်ကြပါသည်။
ဆန္ဒဖော်ထုတ်ပွဲတွင်
မြိတ်ခရိုင် လူထု၏ ဆန္ဒ သဘောထား ကြေညာချက် ၊
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ အိတ်ဖွင့်ပေးစာ၊ ၈၈
မျိုးဆက်ကျောင်းသားများ၏ ငါးအမှုန့်ကြိတ်စက်ရုံကြီးများ အပေါ် တောင်းဆိုချက်၊
မြိတ်မြို့နယ် လူငယ်ဆရာဝန်များ ကွန်ယက် သဘောထား ကြေညာချက်များ ကို
ဖြန့်ဝေခဲ့သည်။
သတင်း - ဓါတ်ပုံ ။ ။ ko toke
သတင်းရင်းမြစ်း သစ်ထူးလွင်
No comments:
Post a Comment