
ပေးခဲ့သဖြင့်
လျှပ်စစ်မီးရရှိပြီး သုံးစွဲသော မီတာယူနစ်များ အတွက် (ကျိုက်ထို) မြို့သို့
သွားရောက် ပေးဆောင်ရကြောင်း သိရသည်။
၂၀၁၁ ခုနှစ် စက်မီတာ (စင်တီမီတာ)တပ်ဆင်ချိန်မှ စ၍
ကျေးရွာမီးလင်းရေး အထောက် အကူပြု
ကော်မတီ မှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ
ဌာနသို့ မိမိတို့သုံးစွဲထားသော ယူနစ်များအပြင် အပိုယူနစ်များ ကို လည်း
ပေးဆောင်နေရခြင်း၊ အိမ်သုံးမီတာများ အပျက်ရှိခြင်း၊
ရပ်ခြင်း၊နှေးခြင်းများရှိနေ၍ မြို့ နယ် လျှပ်စစ် အင်ဂျင်နီယာဌာနသို့
စစ်ဆေးပေးရန် အကြိမ်ကြိမ်တင် ပြသော်လည်း လာရောက်ကြည့်
ရှုစစ်ဆေး မှု မရှိခြင်း၊အိမ်သုံးမီတာ နှင့်လုပ်ငန်းသုံးမီတာများအား စိ
စစ်ခွဲခြားမှုမရှိခြင်း၊လျှပ်စစ်ဝန်ထမ်း များ က ကျသင့်မီတာယူနစ်များ
ကိုလာရောက်ဖတ်ရှုခြင်းမရှိဘဲ ခန့်မှန်းထည့်သွင်းဖော်ပြနေ၍ သုံး
စွဲသူများ မီတာ သုံးစွဲခ အမှန်ကို ပေးဆောင်လိုသော်လည်း နစ်နာ
မှုများရှိနေခြင်း ၊နှစ်ပေါင်း (၂၀)ခန့် မည်သည့်
ပြဿနာ များမျှမရှိဘဲ
၂၀၁၁ခုနှစ်မှစတင်၍ သုံးစွဲသော ယူနစ်များသည်ဖြစ်စေ၊နည်းသည် ဖြစ်စေ
မီတာ တစ်လုံးလျှင်(၂၀၀၀) ကျပ်ခန့် လစဉ်ပေးဆောင်နေရ သဖြင့်
ယူနစ်အနည်းငယ်သာသုံး စွဲသူများ နစ်နာမှု များရှိနေခြင်း၊အ
မှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ကျေးရွာအတွင်း တပ်ဆင် ထားသော
မီတာ စာရင်းမှန်ကန်မှု မရှိဘဲ မီတာများဖောင်းပွနေခြင်း နှင့်
ယင်းကိစ်္စအတွက်မြို့နယ်လျှပ် စစ်အင်ဂျင်နီယာရုံး သို့ မီတာစာရင်း တိတိကျကျ
ရရှိရန် အကြိမ်ကြိမ် တင်ပြတောင်းခံသော်လည်း ယနေ့ အချိန်ထိ မှန်ကန်
သော
စာရင်း မရရှိခြင်း၊ နန်းဦး ဘုန်းတော်ကြီး ကျောင်း မီတာအား ယခင် မီးလင်း
ရေးအထောက်အကူပြု
ကော်မတီ မှ ဘုန်းတော်ကြီးမသိရှိဘဲ အပြင်
သို့ရောင်းချထားခြင်း၊လျှပ်စစ် ဥပဒေနှင့်မကိုက်ညီသော သွယ် တန်း သုံးစွဲမှုအား
ယခင်အင်ဂျင်နီယာမှ ဖြတ်တောက်ပြီးမှ ပြန်လည်သွယ်တန်း တပ်ဆင်ပေးခြင်း တို့ရှိ နေကြောင်း လျှပ်စစ်မီးသုံးစွဲသူ
ကော့ထင်းကျေးရွာသား(၇၄)ဦး၏ အမည်၊လက်မှတ်ပါလျှပ်စစ်စွမ်း အား ၀န်ကြီးဌာန၊ နေ
ပြည်တော် သို့တင်ပြစာအရသိရှိရသည်။
သတင်းရင်းမြစ်း Hot News Weekly Journal
No comments:
Post a Comment