
“ ဒီကနေ့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လ၀ကမှူး၊ စစ်တပ်နဲ့ ရဲတွေ
တောင်ပေါ်ကို တက်သွားတာကို တွေ့ရပါ တယ်။ လက်ရှိ စာရင်းနဲ့ အသေအပျောက်
စာရင်းတွေကို ကောက်ယူတယ်လို့ ပြောပါတယ်။ ဒါ့ပြင် တုတ်ဓါး လက်နက်တွေကို
အကုန်လုံးသိမ်းပါတယ်။ သိမ်းရတဲ့ တုတ်ဓါး လက်နက်က ထော်လာဂျီ နှစ်စီး
တိုက်ရတယ်လို့ သိရပါတယ်” ဟု မြေပုံ ဒေသခံ ကိုမောင်မောင်က ပြောသည်။
မြေပုံမြို့တွင် ရခိုင်များနှင့် ဘင်္ဂလီ မွတ်ဆလင်များ တိုက်ခိုက်မူတွင်
လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၈၀၀ ကျော်
မီးထဲပါသွားခဲ့သည်ဟု သိရသည်။ ထိုအထဲတွင် ရခိုင်အိမ် ၄၂ ဆောင် ပါဝင်ကြောင်း
သိရသည်။
အဆိုပါ တိုက်ခိုက်စဉ် အတွင်း မွတ်ဆလင်များမှာ တောင်ပေါ်ကို
တက်ပြေးသွားပြီး တောင်ပေါ်မှနေကာ ရခိုင်များကို ပြန်လည် ခုခံ
တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ သူတို့က အဲဒီ တောင်ပေါ်မှာ ခံတပ် သဘောမျိုး တည်ဆောက်ထားတကာက လွန်ခဲ့တဲ့
ဇွန်လ အရေး အခင်း ပြီးကတည်းက ဖြစ်ပါတယ်။ ကျင်းတွေ တူးထားတယ်။
ဆက်သွယ်ရေးမြောင်းတွေလည်း လုပ်ထား တယ်လို့ ပြောပါတယ်။ တကယ့်ကို စစ်စခန်း
တစ်ခုလို အခိုင်အမာ တည်ဆောက်ထားတယ်လို့ သိရပါ တယ်။ ပြဿနာ ဖြစ်တော့ အဲဒီ
တောင်ပေါ်ကနေ မွတ်ဆလင်တွေက ရခိုင်တွေကို ခံချခဲ့တာ ဖြစ်ပါတယ်” ဟု သူက
ဆိုသည်။
အောက်တိုဘာလ မြေပုံတွင် ဖြစ်ပွားခဲ့သော အရေးအခင်းတွင် မွတ်ဆလင်များက
တောင်ပေါ်မှ ခုခံပြီး ရခိုင်များက တောင်ကို အောက်မှနေ ၀ိုင်းထားကာ
အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သည်။
ယခုအခါ မြေပုံ အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး ပုံမှန် အတိုင်း ရှိနေသည်ဟု ဆိုသည်။
နှစ်ဘက်စလုံးမှ ဒုက္ခသည်များ အား နိုင်ငံတကာ အဖွဲ့အစည်းများမှ အကူအညီများ
လာရောက် ဖြန့်ဖြူး
ပေးဝေ မူ များ ရှိနေသော်လည်း ရခိုင် ဒုက္ခသည်များ အနေဖြင့် အကူအညီ အနည်းငယ်သာ ရရှိသဖြင့် လုံလောက်မူ မရှိဘဲ ဖြစ်နေကြောင်း ကိုမောင်မောင်က ပြောသည်။
ပေးဝေ မူ များ ရှိနေသော်လည်း ရခိုင် ဒုက္ခသည်များ အနေဖြင့် အကူအညီ အနည်းငယ်သာ ရရှိသဖြင့် လုံလောက်မူ မရှိဘဲ ဖြစ်နေကြောင်း ကိုမောင်မောင်က ပြောသည်။
“ ရခိုင် ဒုက္ခသည်တွေကတော့ တောင်ပိုင်းရပ်ကွက် ဘော်လုံးကွင်းမှာ
ရွက်ဖျင်တဲတွေထိုးပြီး နေရာ ချထားပေး ပါတယ်။ ဒုက္ခသည်က သုံးထောင်ခန့်ရှိပါတယ်။
ဒဏ်ရာ ရတဲ့ သူက ၇၀ ကျော်ရှိပါတယ်။ အစား အစာနဲ့ ဆေးဝါးတွေ အထူး
လိုအပ်နေပါတယ်” ဟု သူက ဆက်ပြောသည်။
မွတ်ဆလင်များကိုမူ တောင်အောက်တွင် တည်ဆောက်ထားသော ဒုက္ခသည် စခန်းတွင်
စစ်တပ် အစောင့် အရှောက်များဖြင့် ထားရှိပြီး မွတ်ဆလင် ဒုက္ခသည် အရေအတွက်မှာ
၃၉၃၉ ယောက် ရှိကြောင်း သိရသည်။
မြေပုံမြို့တွင် ယခင်ကတည်းက နေထိုင်နေသော မွတ်ဆလင်များမှာ ဒေသခံ
ရခိုင်များနှင့် သင့်သင့်
မြတ်မြတ် နေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်းပြင်ပ ရောက်လာသူများမှာ သဘောထား တင်းမာသူ များ ဖြစ် ကာ ရခိုင်အိမ်များကို စတင် မီးရှို့ တိုက်ခိုက်ရာမှ ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မူ များ ပေါ်ပေါက် ခဲ့ရခြင်း ဖြစ်သည်ဟု ကိုမောင်မောင်က ပြောသည်။
သတင်းရင်းမြစ်း နိရဉ္ဇရာ
မြတ်မြတ် နေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်းပြင်ပ ရောက်လာသူများမှာ သဘောထား တင်းမာသူ များ ဖြစ် ကာ ရခိုင်အိမ်များကို စတင် မီးရှို့ တိုက်ခိုက်ရာမှ ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မူ များ ပေါ်ပေါက် ခဲ့ရခြင်း ဖြစ်သည်ဟု ကိုမောင်မောင်က ပြောသည်။
သတင်းရင်းမြစ်း နိရဉ္ဇရာ
No comments:
Post a Comment