
ပေးရန် ရည်ရွယ်ထားကြောင်း
ကျောက်မဲမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးမှ သိရသည်။
ကျောက်မဲမြို့နှင့်အနီးတစ်ဝိုက်ကျေးရွာအများစုမှာ
လျှပ်စစ်ဓါတ်အားလိုင်းများရောက်ရှိနေပြီဖြစ်သော်လည်း
အချို့ကျေးရွာများများမှာ ယခုအချိန်ထိ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်ခြင်း
မရှိပေ။“မြို့နဲ့အနီးဆုံးကျေးရွာတွေ ကိုတော့
ဓါတ်အားလိုင်းတွေ ရောက်နေပါပြီ၊ တစ်ချို့ကျေးရွာတွေက ကိုယ်ထူ ကိုယ်ထ
ဓါတ်အား လိုင်းဆွဲဖို့ ကျေးရွာမီးလင်းရေးအဖွဲ့တွေကနေ စီစဉ်တာမျိုးရှိတယ်၊
အဲ့လိုရွာတွေကျတော့ ရွာရဲ့ ရန်ပုံငွေ အရ မလုံလောက်လို့ မလုပ်ဖြစ်သေးတာ”ဟု
ကျောက်မဲမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ (AE) အဆင့်ရှိ ဦးဆန်းဦးမှ
ပြောသည်။
ကျေးရွာများတွင်လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများ
သုံးစွဲမှု တိုးပွားလာပြီး လျှပ်စစ်ဓါတ်အားမှာ ကျေးရွာတိုင်း သို့
မရောက်ရှိသေးသောကြောင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာများကို
အစားထိုးသုံးစွဲလာကြခြင်းဖြစ် သည် ဟု လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များက
သုံးသပ်သည်။
ကျောက်မဲမြို့နယ်အတွင်းရှိ
လျှပ်စစ်ဓါတ်အား မရရှိသေးသောကျေးရွာများ၌ လျှပ်စစ်မီးလိုအပ်ချက်ကြောင့်
နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားများ အသုံးပြုမှု တွင်ကျယ်လာပြီး
လျှပ်စစ်ပစ္စည်း အသေးစားများ အထိ ပါ ဆိုလာနှင့်တွဲဖက်သုံးစွဲမှု များ လာကြောင်း
ဒေသခံများထံက သိရသည်။
“ရွာတွေက
လာဝယ်ရင် ဓါတ်မီးဆိုရင်တောင် အားသွင်းတဲ့ ဓါတ်မီးပဲ သုံးတော့တာ၊ တီဗွီ
(TV) တွေ အောက် စက်( DVD/CD )တွေ အားသွင်းပြီး အသုံးပြုတဲ့
ဆောင်းဘောက်စ်တွေ အသုံးပြုမှုများလာတယ်၊ လျှပ်စစ်ဓါတ်အားက
ရွာတိုင်းမရောက်သေးတော့ ဆိုလာတွေနဲ့တွဲပြီး သုံးလာကြတယ်” ဟု
ကျောက်မဲမြို့ လျှပ်စစ်နှင့်ဆက်စပ် ပစ္စည်းအရောင်းဆိုင်မှ
ဆိုင်ရှင်ဦးသန်းအေးက ပြောသည်။
နေရောင်ခြည်စွမ်းအင်သုံးဆိုလာများတွင်
(၆၀)၀ပ်နှင့် (၄၀)၀ပ်ဓါတ်အားထုတ်ယူနိုင်သော ဆိုလာများ ကို ကျေးရွာများမှ
အများဆုံး ၀ယ်ယူအသုံးပြုကြပြီး ယခုနှစ်အတွင်း ကျေးရွာများတွင်
လျှပ်စစ်နှင့်ဆက်စပ် ပစ္စည်း အသုံး ပြုမှု ပိုမိုများပြားလျှက်ရှိသည်။
လက်ရှိတွင်ကျောက်မဲမြို့နယ်အတွင်း
အိမ်သုံးမီတာအလုံးပေါင်း (၈၀၀၀) ရှစ်ထောင်ကျော်တပ်ဆင် အသုံးပြု နေပြီး
လျှပ်စစ်ဓါတ်အားလုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် နိုဝင်ဘာလနှင့်
ဒီဇင်ဘာလများ တွင် မီတာ အလုံး(၂၀၀ )ခန့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ
ထပ်မံ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းကို လည်း သိရ သည်။
သတင်းရင်းမြစ်း Myitmakha
Media Group

No comments:
Post a Comment