
ဒီနေ့ အစိုးရသတင်းစာများမှာလည်း ဒီထုတ်ပြန်ချက်ကို ဖတ်နိုင်ပါပြီ။
သမ္မတရုံး အွန်လိုင်း နဲ့ သတင်းစာ ဖော်ပြချက်မှာ စကားလုံး အနည်းငယ် ကွဲပြားမှု ၂ ခု တွေ့ရမှာပါ။
သမ္မတရုံး - လက်နက်ငယ် ၁၈၀
အစိုးရသတင်းစာ - တူမီးသေနတ် ၁၈၀
သမ္မတရုံး - ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
အစိုးရသတင်းစာ - စစ်ဆေးအရေးယူလျက်ရှိကြောင်း အသိပေး ကြေညာအပ်ပါသည်။
အဲဒီလို ကွဲပြားနေတာပါ။ဒီထုတ်ပြန်ချက်ကို စကားလုံးပြင်ဆင်လိုက်ခြင်းရဲ့နောက်ကွယ်မှာ ဘယ်လိုဖြစ်
ရပ်တွေ ရှိမလဲ ဆိုတာတော့ မခန့်မှန်းနိုင်ပါဘူး။
ဒီထုတ်ပြန်ချက်ရဲ့ အားသာချက်က ဂဏန်းအရေအတွက်တွေ တိတိကျကျ ဖော်ပြထားတာပါပဲ။
အားနည်းချက်ကတော့ သံတမန်ဆန်လွန်းနေတာပါပဲ။ အထူးသဖြင့် အပိုဒ် ၄ ဖြစ်ပါတယ်။
အပိုဒ် ၅ မှာတော့ ငြိမ်းချမ်းရေးပေါ်ထွန်းဖို့ ပူးပေါင်းကူညီကြပါလို့ ပြည်သူအများကို တိုက်တွန်းထားပါတယ်။
သမ္မတရုံး အွန်လိုင်း နဲ့ သတင်းစာ ဖော်ပြချက် ယှဉ်ပြထားတာကို http://1.bp.blogspot.com/-luKPgVHXevs/UJHzCXrhvpI/AAAAAAAAafg/Qwkd0Kaba8w/s1600/0000+kyay+mon+2+-+899.jpg မှာ ကြည့်လို့ ရပါတယ်။
သတင်းရင်းမြစ်း ဧရာဝတီ
No comments:
Post a Comment