
မည်ဖြစ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၇
ရက်တွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့လာရောက်ပါက မြန်မာအစိုးရ၏
ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများအပေါ် ၀ါရှင်တန် က ထောက်ခံ မှုပေးသည့်
နောက်ဆုံးအချက်ပြမှု တစ်ခုလည်း ဖြစ်သည်။
ယင်းအမည်မဖော်လိုသော တာဝန်ရှိသူက အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်တွင်
ရန်ကုန်သို့ လာရောက် ပြီး သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း
အေအက်ဖ်ပီသို့ ပြောကြားခဲ့သော်လည်း လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့်
အသေးစိတ် အချက်အလက်များ မထုတ်ပြန်ခဲ့ပေ။
အိမ်ဖြူတော်ကမူ မြန်မာခရီးစဉ်အတွက် အတည်မပြုခဲ့ပေ။
အိုဘားမားသည် ဖနွမ်းပင်မြို့တွင်ပြုလုပ်မည်ဖြစ်သော နိုဝင်ဘာလ ၂၀ ရက်တွင်
အဆုံးသတ်မည့် အရှေ့ အာရှထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လိမ့်မည်ဟု
ကမ္ဘောဒီးယားအစိုးရ တာဝန်ရှိသူများ က ပြောကြား ခဲ့သည်။
ဦးသိန်းစိန်သည် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ သမိုင်းဝင်ခရီး
သွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပထမဆုံးမိန့်ခွန်းပြောခဲ့သော
မြန်မာခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း အမေရိကန်သို့ သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး အိုဘားမားနှင့် လည်း တွေ့ဆုံခဲ့သည်။
သတင်းရင်းမြစ်
း Eleven Media Group
No comments:
Post a Comment