Monday, November 5, 2012

မန္တလေး တရားစီရင်ရေး ပြိုလဲ

မန္တလေး တရားစီရင်ရေး စနစ် ယိမ်းယိုင် ပြိုလဲနေပြီ ဟူသော ကောက်ချက်ကို ထပ်မံ အတည် ပြုသည်ဟု မန္တလေးမြို့ တရားရုံးများ လေ့လာမှု အပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီမှ ဦးသိန်းညွှန့် က The Voice Weekly သို့ ပြောကြားသည်။




အဆိုပါ ကော်မတီမှ မန္တလေးမြို့ရှိ ချမ်းအေးသာစံမြို့နယ်တရားရုံး၊ ခရိုင်တရားရုံး နှင့် တိုင်းတရား လွှတ်တော် ရုံး များသို့ နိုဝင်ဘာ ၂ ရက် နေ့က သွားရောက် လေ့လာ ခဲ့ပြီး ခရိုင်တရားသူကြီး နှင့် ဆွေးနွေးမှု များ ပြုလုပ် ခဲ့ကြောင်း ဦးသိန်းညွှန့် က ဆိုသည်။
"လာဘ်ပေးလာဘ်ယူ နဲ့ ပတ်သက်လို့ အဓိကထား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်၊ ခရိုင် တရားသူကြီး က လည်း တရားရေး မှာ စီစဉ်ဆောင်ရွက် နေတာ တွေနဲ့ ပတ်သက်လို့ ပြောကြားပါတယ်" ဟု ဦးသိန်းညွန့် က ပြောသည်။

ချမ်းအေးသာစံ မြို့နယ် တရားရုံး တွင် အချုပ်ခန်း ကိုလည်း လေ့လာ ကြည့်ရှုခဲ့ပြီး ကိုင်းတန်း ဈေးသူဈေး
သား များ အတွက် ပါဝင် ဆောင်ရွက်ခဲ့သူ ဦးအေးသိန်း မှာ အချုပ်ခန်းတွင် သုံးလခန့် ရှိပြီး အာမခံ မရသည့် အနေအထား တွေ့ခဲ့ ရကြောင်း၊ ရန်ကုန်မြို့တွင် အဆိုပါ အမှုမျိုး အာမခံ ပေးခြင်းမျိုး ရှိကြောင်း၊ ယင်းကို ကြည့်ခြင်း အားဖြင့် တရားသူကြီး အနေဖြင့် ဘယာဂတိ အားကောင်း နေကြောင်း ၄င်းက ဆိုသည်။

"မူးယစ်ဆေးဝါး နဲ့ ပတ်သက်လို့ အချုပ် ခံနေရတဲ့ သူနဲ့ တွေ့ခဲ့ ရတယ်။ သူက တခြားသူတွေ ဆေးအောင်လို့ လွတ်သွားတာ ရှိတာကို ပြောတယ်။ အဲဒါကြောင့် မန္တလေးက တရားစီရင်ရေး စနစ် ပြိုလဲ နေပြီဆိုပြီး
 ကောက် ချက် ချထားတာ ကို အတည် ပြုတယ်" ဟု ဦးသိန်းညွန့် က ပြောကြားသည်။

တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ မှ အတွင်းရေးမှူး ဦးဆောင်သော ၇ ဦးအဖွဲ့ သည် နိုဝင်ဘာ ၂ ရက်နေ့ က မန္တလေးမြို့ရှိ တရားရုံး များသို့ လာရောက် လေ့လာခဲ့သည်။
သတင်းရင်းမြစ်    The Voice Weekly   

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ