
မြောက်-ကာရိုလိုင်းနားပြည်နယ်
၊ ဖလော်ရီဒါပြည်နယ် ၊ မီရှီဂန်ပြည်နယ်တို့ မှ ရံပုံငွေအလှူငွေများကို
လွန်ခဲ့သည့်နေ့က ( ဒေါ်လာ-၁၀ရ၀၀ ) ကို ပေးအပ်ခဲ့ကြပြီး ယနေ့တွင်
အင်ဒီးယားနာပြည်နယ် မှ မျိုးချစ် ရခိုင်မိသားစုများမှ- ( ဒေါ်လာ-ရ၂၀၀ )-
အားလုံးစုစုပေါင်း မြန်မာကျပ်ငွေ သန်း( ၂၀ ) နီးကပါးခန့် ကို ပေး
ပို့ လှူဒန်းခဲ့ကြခြင်းဖြစ်သည် ။
ယခုကဲ့သို့ လှူဒန်းခဲ့ခြင်းနှင့်ပတ်သက်၍
အင်ဒီးယာနားပြည်နယ်မှ လူငယ်များက ရခိုင်ဒုက္ခသည်များအား လှူဒန်းခြင်းမှာ
ဒုတိယအကြိမ်ဖြစ်သည် ဟု ပြောဆိုပြီး နောင်ကိုလည်း ဆက်တိုက် လှူဒန်းမည်ဖြစ်
သလို ဆေးရုံ တက်ရောက်ကုသနေသော လူနာများအားလည်း စိတ်အားမငယ်ဖို့ နှင့်
လူကောင်း ပကတိ အထိ ဖြစ်လာအောင် ကုသစရိတ်များကို ပေးပို့  ကူညီသွားမည်ဟု
ပြောဆိုသွားသည် ။
အဆိုပါ လှူဒါန်းပွဲတွင် အိုင်အိုဝါးပြည်နယ် ရခိုင်အမျိုးသားရေးအသင်းမှ
နာယကကြီး တဦးဖြစ်သူ ဦးဝင်းနိုင် ကလည်း စည်းစည်း ရုံးရုံး နဲ
့ရခိုင်လူမျိုးများက ရှိနေသည့်အတွက် အထူးပင်အားရပါကြောင်းနှင့်
ဒုက္ခ ကျ ရာက်နေသော မိဘပြည်သူများအား နောင်ကိုလည်း
ဆက်လက်လှူဒန်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မိမိတို့ မိဘ ညီအကို ဆွေမျိုးသားချင်းတို့၏
ဒုက္ခသည်များဘ၀မှ နဂို မူလအခြေအနေထိရောက်အောင် အမေရိကပြည်ထောင်စုရောက်
ရခိုင် လူမျိုးမိသားစုများက ၀ိုင်းဝန်းကူညီထောက်ပံ့ရေး အစီအစဉ် များ
ပြု လုပ် တိုင်ပင်ညှိနိုင်းကြကာ ရံပုံငွေအလှူငွေများကို
စုဆောင်းကောက်ခံကြပြီးဖြစ်သည် ။
ရခိုင်အမျိုးသား ညီညွတ်ရေးအသင်းမှ
ပြန်ကြားရေးတာဝန်ခံ ကိုခိုင်ထွန်းကလည်း ရခိုင်ပြည်နယ်အတွင်း
ဒုက္ခသည်များဖြစ်ကြရသော မိဘပြည်သူ ရဟန်းရှင်လူများအား
အမေရိကန်ပြည်ထောင်စုရောက် ရခိုင် လူမျိုး များ အနေဖြင့် မည်သည့်အချိန်မှာမှ
မျက်ကွယ်ပြု၍ မရပါကြောင်း ၊ ယခုကဲ့သို့ ဖြစ်သွားရသည့် ကံကြမ္မာ ဆိုးကို
ခါးစည်းအောင် ခံစားကြရသည့် မိဘပြည်သူများအား အတတ်နိုင်ဆုံး ၀ိုင်းဝန်း ကူ
ညီ ထောက် ပံ့သွားမည်ဖြစ်ပါကြောင်းနှင့် အခြားသော ပြည်နယ်များမှ
ရခိုင်လူမျိုး မိသားစုများကိုလည်း အတိ ဒုက္ခရောက်နေသော
မိဘပြည်သူရှင်လူရဟန်းများအား လှူဒန်းလိုပါက မိမိတို့ ရခိုင် အမျိုးသားရေး
အသင်း ထံသို့  ဆက်သွယ် လှူဒန်းနိုင်ပြီး မိမိ၏ ဖုံးနံပါတ်မှာ (
၀၀၁-၆၄၁-၃၅၁-၅၂၉၅ ) ဟု ပြောဆိုသွား ပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက်)
သတင်းရင်းမြစ်
း ဧရာဝတီ
No comments:
Post a Comment