
ဒီနေ့ရုံးက ဇေကမ္ဘာ ဘက်က တရားလို ကုမ္ပဏီမန်နေဂျာ ဦးမြင့်ဇော်ကို စစ်ဆေးတယ်လို့ တရားခွင် တက်
ရောက် နားထောင်တဲ့ ဦးနေမျိုးဝေက ပြောပါတယ်။
လယ်ယာမြေကွက်ထဲမှာ လယ်သမားတွေနဲ့ စကားပြောစဉ် ဦးနေမျိုးဝေ
ပြောဆိုချက်တွေ၊ ဦးနေမျိုးဝေ ထုတ်ဝေတဲ့ လက်ကမ်းစာစောင်ဟာ သူတို့ကုမ္ပဏီရဲ့
ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အကြောင်း ဦးမြင့်ဇော်က သက်သေခံတင်သွင်းခဲ့တယ်လို့
ဆိုပါတယ်။
“နေမျိုးဝေက ၂၀၁၁ မှ ၀င်လာတာတဲ့၊ အောက်ခြေလယ်သမားတွေနဲ့ ညှိနှိုင်းပြီး
ပြေလည်မယ် ဆိုတာကို သိချင်မှသိမယ်တဲ့။ လယ်ထဲဝင်လာပြီး လယ်သမားတွေကို
စုစည်းပြီးတော့ ကိုမြင့်ဇော်နဲ့ ကုမ္ပဏီကို ထိခိုက်မယ့်
စကားလုံးအသုံးအနှုန်းတွေပြောဆိုတယ်။ ဒါကြောင့် ကိုမြင့်ဇော်နဲ့ ကုမ္ပဏီဟာ
အများကြီး ထိခိုက် နစ်နာရတယ်လို့ ထွက်ဆိုသွားတယ်။”
သူ့ဘက် အမှုလိုက်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအေးမြင့် ပြန်လှန်မေးခွန်းထုတ်ခဲ့ပုံကို ဦးနေမျိုးဝေက ခုလို ပြောပါတယ်။
“ဦးအေးမြင့်က ဇေကမ္ဘာ ဦးခင်ရွှေတဦးတည်း ပိုင်လားလို့ မေးခွန်းထုတ်တော့
မပိုင်ဘူးလို့ ဖြေပါတယ်။ ၁၉၆၃ ခုနှစ် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်တဲ့
ဥပဒေကို သိလားလို့ မေးတော့လည်း မသိဘူးလို့ ဖြေပါတယ်။ ၁၉၅၃ ခုနှစ် လယ်ယာမြေ
နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေအရ ရောင်းချ၊ ပေါင်နှံခြင်း မရှိသည်ကို
သိလားလို့ မေးတော့လည်း မသိဘူးလို့ ဖြေပါတယ်။ ၁၉၅၃ ခုနှစ်ဥပဒေအရ
မချိုးဖောက် ပါဘူးဆိုရင် သက်ဆိုင်ရာ သက်သေအထောက်အထားများ တင်ပြပါဆိုတော့
လောလောဆယ် မတင်နိုင်
သေးပါလို့ သူဖြေပါတယ်။”
ဦးနေမျိုးဝေဟာ မင်္ဂလာဒုံမြို့နယ် ရွှွှေနံ့သာကျေးရွာအုပ်စုအတွင်း
ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် ရာမှာ
နစ်နာ ခဲ့တဲ့လယ်သမားတွေ ဘက်က ကူညီဆောင်ရွက်ပေး ရင်း
ပြော ဆိုဆောင်ရွက်ချက်တွေအတွက် တရားစွဲခံရတာ ဖြစ်ပါတယ်။
ဦးနေမျိုးဝေက မီဒီယာတွေကို ပြောဆိုချက်တွေဟာ ဦးခင်ရွှေပိုင်ဆိုင်တဲ့
ဇေကမ္ဘာကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်ဆိုပြီး ဦးမြင့်ဇော်က ဇူလိုင် ၂၃
ရက်နေ့က အသရေဖျက်မှုနဲ့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပြီးနောက် ပုဒ်မ ၅၀၀
အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
တရားရုံးက ဒီအမှုကို ဆက်လက်စစ်ဆေးဖို့ လာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့ကို ပြန်လည် ချိန်းဆို လိုက် တယ်လို့ ဆိုပါတယ်။
သတင်းရင်းမြစ်း DVB
No comments:
Post a Comment